အဖြေ - လုံးဝအသေအချာဘဲ။ လူတိုင်း အိပ်ခ်ျအိုင်ဗွီပိုးအတွက်စစ်ဆေးခွင့်ရသင့်သည်။ စင်စစ်အားဖြင့် အိပ်ခ်ျအိုင်ဗွီပိုးကူးစက်ခံနေရသူ အများ အပြားသည် သူတို့အခြေအနေကို သူတို့ကိုယ်တိုင် မသိရှိကြပေ။ ကျန်းမာပျော်ရွင်စွာနှင့် အသက်ရှည်ရှည်နေထိုင်နိုင်ရေးအတွက် အိပ်ခ်ျအိုင်ဗွီပိုး စမ်းသပ်စစ်ဆေးခြင်းသည် ပထမခြေလှမ်းပင်ဖြစ်သည်။ သတိပြုမှတ်သားထားရမည့်အချက်မှာ သင့်အနေဖြင့် မကြာသေးမီကမှ စမ်းသပ်စစ်ဆေးမှု ကို ခံယူခဲ့သော်လည်း နောက်ဆုံးစမ်းသပ်စစ်ဆေးမှုပြီးနောက်ပိုင်း လိင်ဆက်ဆံမှု သို့မဟုတ် ဆေးထိုးအပ်မျှဝေသုံးစွဲခဲ့ခြင်း ရှိခဲ့ပါက သင့်အခြေ အနေသည် ပြောင်းလဲသွားနိုင်သည်။ ယေဘူယျ နည်းလမ်းအားဖြင့် ရောဂါပိုးကူးစက်ခံရနိုင်ခြေများ ရှိသူသည် နှစ်စဉ် စစ်ဆေးခွင့်ရသင့်ပါသည်။
စမ်းသပ်စစ်ဆေးမှုခံယူနိုင်ရန် အောက်ပါ အရေးပေါ်ခေါ်ဆိုနိုင်သော ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းကြည့်ပါ - အဖြူရောင်လိုင်း (ယောက်ျားလေးများအတွက်) : ၀၉၇၃၂၁၂၂၂၆ ပန်းရောင်လိုင်း (မိန်းကလေးများအတွက်) : ၀၉၇၃၂၁၂၂၂၇ (သို့မဟုတ်) နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှုစင်တာ (ဆေးခန်း) သို့မဟုတ် ကျန်းမာရေးလုပ်သား တစ်ယောက်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။