အဖြေ - မှန်ပါသည်/ဟုတ်ပါသည်။ ကံအကြောင်းအားလျော်စွာ ပျိုဖော်ဝင်စအရွယ်များ အလိုမတူသည့် လိင်ဆက်ဆံခြင်းခံရမှု နှုန်းများသည် မြင့် မားလျက်ရှိသည်။ မည်သည့် အလိုမတူသည့် လိင်ဆက်ဆံမှုတိုင်းသည် အမြဲမှားယွင်းနေသည်။ အတင်းအကြပ် လိင်ဆက်ဆံမှုပြုခံရခြင်းသည် တစ်ဦးတစ်ယောက်အတွက် (ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးအတွက်) ကြိုတင်မှန်းဆ၍ မရနိုင်သည့် ရေရှည်အကျိုးသက်ရောက်မှု ဖြစ်နိုင်ချေ ရှိလာနိုင်သည့် ဆိုးဝါးသည့် တုန်လှုပ်ချောက်ချားဖွယ်ရာ အတွေ့အကြုံဖြစ်သည်။ အကယ်၍သင်သည် တစ်စုံတစ်ယောက်ယောက်သည် အလိုမတူဘဲ လိင်ဆက်ဆံခံရကြောင်းသိရှိရပါက သူတို့အတွက် သင်၏ပံ့ပိုးကူညီမှုသည် လောလောဆယ်နှင့် နောက်အစဉ်အမြဲ လိုအပ်နေဦးမည် ဖြစ်သည်။ နားထောင်ခြင်းသည် အကောင်းဆုံးသော အစပျိုးခြင်းပင်ဖြစ်သည်။ ဆရာဝန် သို့မဟုတ် သူနာပြုများအား ဖြစ်စဉ်ကိုပြောပြရန် (သူတို့ အား) အားပေးတိုက်တွန်းပါ။ သို့မှသာ သူတို့အတွက် လိုအပ်သည့် ကျန်းမာရေးပံ့ပိုးကူညီမှုများ ရရှိနိုင်မည်ဖြစ်သည်။ သင်ယုံကြည်ရသည့် လူကြီး (သက်ကြီးပိုင်း) တစ်ဦးဦးကို အသိပေးပြောပြခြင်းသည် (အပြုသဘောဆောင်သည့်) နောက်ထပ်ခြေလှမ်းတစ်ခု ပင်ဖြစ်သည်။
အတင်းအကြပ်လိင်ဆက်ဆံမှုပြုခြင်းသည် ဖြစ်ရိုးဖြစ်စဉ်ပါလားလား ?
သင့်အဖြေကိုရွေးလိုက်ပါ။ [မှန်ပါသည်/ဟုတ်ပါသည်] သို့မဟုတ် [မဟုတ်ပါ]