အဖြေ - မတူပါအိပ်ခ်ျအိုင်ဗွီသည် အေအိုင်ဒီအက်စ်နှင့် မတူပါ။ အိပ်ခ်ျအိုင်ဗွီသည် လူ၏ခုခံအားကို ကျဆင်းစေသည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။ အိပ်ခ်ျ အိုင်ဗွီသည် လူတို့၏နာမကျန်းဖြစ်ခြင်းများကို တိုက်ဖျက်ပေးနေသည့် လူတို့၏ခန္ဓာကိုယ်အတွင်းရှိ ခုခံအားစနစ်ကို တိုက်ဖျက်သည့် ဗိုင်းရပ်စ်ပိုးဖြစ် သည်။ အိပ်ခ်ျအိုင်ဗွီပိုးကို ကုသမှုခံယူခြင်းမရှိပါက အေအိုင်ဒီအက်စ်ခေါ် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဖြစ်နိုင်သည်။ အေအိုင်ဒီအက်စ်သည် အိပ်ခ်ျအိုင်ဗွီထက် ပိုမိုပြင်းထန်သော်လည်း ခန္ဓာကိုယ်အတွင်းရှိ အရည်များဖြစ်သည့် (၁)သွေး (၂)သုတ်ရည် (၃)မိန်းမ ကိုယ်မှထွက်သောအရည် (၄)စအိုမှထွက်သောအရည်နှင့် (၅)မိခင်နို့တို့မှသာ ကူးစက်နိုင်သည်။ တစ်ချိန်တွင် အေအိုင်ဒီအက်စ် ဖြစ်လာပါက ခန္ဓာ ကိုယ်သည် အခြားသောရောဂါများကို တိုက်ခိုက်ရန် အခက်အခဲများရှိလာနိုင်သည်။ ဤအချက်ကြောင့်ပင် လူတို့သည် အေအိုင်ဒီအက်စ်ကြောင့် မဟုတ်ဘဲ အေအိုင်ဒီအက်စ်ကြောင့် ဆက်နွယ်လာသည့်ရောဂါများကြောင့် အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။
အိပ်ခ်ျအိုင်ဗွီဆိုတာအေအိုင်ဒီအက်စ်နဲ့အတူတူဘဲလား ?
သင့်အဖြေကိုရွေးချယ်လိုက်ပါ [တူပါသည်] သို့မဟုတ် [မတူပါ]