အဖြေ - သိပ်မသေချာဘူး။ လိင် မဆက်ဆံခြင်း (သို့မဟုတ်အပျာ်အပါးမလိုက်စားခြင်း)သည် ကိုယ်ဝန်မရရှိစေရန်နှင့် အခြားသောကျန်းမာရေး ဆိုင်ရာအန္တရာယ်များမှ ကာကွယ်ပေးသည့်နည်းလမ်းတစ်ခုဖြစ်သည်။ သို့သော်အခြားတစ်ဖက်တွင်လည်း အိပ်ခ်ျအိုင်ဗွီကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများကိုလည်း ကာကွယ်တားဆီးပေးနိုင်သည်။ ယခုမှစတင်မည့်သူများအတွက် ကိုယ်ဝန်ဆောင်ခြင်းနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်နိုင်ခြင်းမှကာကွယ်ရန် အကောင်းဆုံးနှင့်အထိရောက်ဆုံးသောနည်းလမ်းမှာ ကွန်ဒုံးအသုံးပြုခြင်းပင်ဖြစ်သည်။
ကလေးမွေးဖွားခြင်းကို ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက နီးစပ်ရာ ကျန်းမာရေးစောင့်ရှောက်မှု စင်တာ (ဆေးခန်း) သို့မဟုတ် ကျန်းမာရေးလုပ်သား တစ်ယောက်ယောက်ကို ဆက်သွယ်မေးမြန်းကြည့်ပါ။