ကွန်ုပ်သည် ကျောင်း/တက္ကသိုလ်စီမံချက်တစ်ခုအတွက် စူးစမ်းလေ့လာမှု သို့မဟုတ် သုတေသနတစ်ခုပြုလုပ်နေသည်။ ယင်းလုပ်ငန်းအတွက် ကျွန်ုပ် အင်တာနက်ကို မည်ကဲ့သို့ အသုံးပြုရမည်နည်း။ ?
-
အင်တာနက်တွင် လုပ်ငန်းများနှင့်စီမံချက်များအတွက် သတင်းအချက်အလက် အမြောက်အမြားကို ရှာဖွေတွေ့ရှိနိုင်သည်။ သင်သည် search engine သို့မဟုတ် အင်တာနက်ပေါ်ကလွတ်လပ်တဲ့စွယ်စုံကျမ်း (Wikipedia) ကိုအသုံးပြု၍ စတင်နိုင်ပြီး သင်ရှာဖွေလိုသည့် အကြောင်းအရာအတွက် အဓိကစာလုံးများကို ရိုက်နှိပ်ခြင်းဖြင့် ရှာဖွေနိုင်သည်။
-
အကယ်၍ သင်သည် ကျောင်း သို့မဟုတ် တက္ကသိုလ်တစ်ခုခုအတွက် သတင်းအချက်အလက်များကို ရှာဖွေစုဆောင်းမည်ဆိုပါက သင်သည် အဆိုပါ အကြောင်းအရာနှင့်အချက်အလက်များကို မည်သူရေးသားထားကြောင်း အမြဲစစ်ဆေးသင့်ပါသည်။ ( အကြောင်းအရာမူရင်းရေးသားတင်ပြသူ သို့မဟုတ် ရည်ညွှန်းကိုးကားချက် ဟု အသိများသည်)
-
ကျောင်း သို့မဟုတ် တက္ကသိုလ်စီမံချက်များအတွက် ကောင်းမွန်သည့် စာအရင်းအမြစ်၊ ကိုးကားချက်များမှာ တက္ကသိုလ်များ၊ တက္ကသိုလ်စာသင်နှစ်အလိုက် ဂျာနယ်များ၊ အဖွဲ့အစည်းကြီးများ၏ ၀က်ဘ်ဆိုဒ်များ၊ တရားဝင်ထုတ်ပြန်ထားသည့် အစီရင်ခံစား စသဖြင့် တို့ဖြစ်သည်။
-
သင့်ကျောင်းစီမံချက်အတွင်းတွင် သင်ကိုးကားအသုံးပြုခဲ့သော ၀က်ဘ်ဆိုဒ်စာရင်းအား ထည့်သွင်းဖော်ပြရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။
-
သင်၏ ကျောင်း / တက္ကသိုလ်စီမံချက်အတွက် မူလအရင်းအမြစ်၏အမည်နှင့် အချက်အလက်များကို ကျမ်းကိုးစာရင်းတွင် ထည့်သွင်း ဖော်ပြထားခြင်းသည် အကောင်းဆုံးသော အလေ့အကျင့်တစ်ခု ဖြစ်သည်။
-
သင်လိုအပ်သည့် သတင်းအချက်အလက်များရရှိစေရန်အတွက် သင်အသုံးပြုသည့် ၀က်ဘ်ဆိုဒ်စာရင်းကို ပြုစုထားပါ။
-
သတင်းအချက်အလက်ရှာဖွေသည့်အခါ ယင်းအကြောင်းအရာတင်ထားသည်မှာ မည်မျှကြာမြင့်ပြီဖြစ်သည်ကို စစ်ဆေးသင့်သည်။ နောက်ထပ်အသစ်သစ်သော သတင်းအချက်အလက်များရှိနေနိုင်သည်ကိုလည်း စစ်ဆေးပါ။
-
စာရင်းဇယား၊ ကိန်းဂဏန်းများသည် မကြာခဏ ပြောင်းလဲနေတတ်ကြောင်း သတိပြုရမည်။
-
အင်တာနက်တွင်ဖော်ပြပါရှိသော အကြောင်းအရာတိုင်းသည် မှန်ကန်မှုမရှိနိုင်ကြောင်း သတိပြုပါ။ မည်သည့် အကြောင်းအရာကိုးကားသည့် အရင်းအမြစ်ကို ယုံကြည်သင့် မသင့်ကို သေချာလေ့လာအကဲဖြတ်ပါ။ နောက်ထပ်လာမည့် အင်တာနက်ဆိုင်ရာ သိရှိဖွယ်ရာ